Google Chrome

၄.၁
သုံးသပ်ချက် ၄.၆၅ ကုဋေ
ဋေ ၁ ထ+
ဒေါင်းလုဒ်များ
အကြောင်းအရာကို အမှတ်ပေးခြင်း
PEGI 3
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ
ဖန်သားပြင်ဓာတ်ပုံ

ဤအက်ပ်အကြောင်း

Google Chrome သည် လျင်မြန်၍ အသုံးပြုရလွယ်ကူပြီး လုံခြုံသည့် ဝဘ်ဘရောင်ဇာ ဖြစ်ပါသည်။ Android အတွက် ပြုလုပ်ထားခြင်းဖြစ်ပြီး Chrome တွင် သင့်အတွက် ပုဂ္ဂိုလ်ရေးသီးသန့်ပြုလုပ်ထားသော သတင်းဆောင်းပါးများ၊ သင့်အကြိုက်ဆုံး ဝဘ်ဆိုက်များသို့ အမြန်လင့်ခ်များ၊ ဒေါင်းလုဒ်များအပြင် Google Search နှင့် Google Translate တို့ အသင့်ပါပြီးဖြစ်သည်။ ယခုဒေါင်းလုဒ်လုပ်ပြီး သင့်ကိရိယာများအားလုံးတွင် သင်ကြိုက်နှစ်သက်သည့် Chrome ဝဘ်ဘရောင်ဇာကို အသုံးပြုလိုက်ပါ။

အမြန်ဖွင့်ကြည့်နိုင်ပြီး များများရိုက်ရန် မလိုပါ။ သင်စာရိုက်သည်နှင့် ချက်ခြင်းပေါ်လာသည့် ပုဂ္ဂိုလ်ရေးသီးသန့် ရလဒ်များမှ ရွေးချယ်ပြီး ယခင်က ကြည့်ရှုခဲ့သည့် ဝဘ်စာမျက်နှာများကို အမြန်ဖွင့်လိုက်ပါ။ 'အော်တိုဖြည့်' ဖြင့် ဖောင်များကို လျင်မြန်စွာ ဖြည့်လိုက်ပါ။

ရုပ်ဖျက်မုဒ်ဖြင့် ဖွင့်ခြင်း။ သင့်မှတ်တမ်းကို မသိမ်းဘဲ အင်တာနက်အသုံးပြုရန် 'ရုပ်ဖျက်မုဒ်' ကို အသုံးပြုပါ။ သင့်ကိရိယာအားလုံးတွင် သီးသန့်ဖွင့်ကြည့်လိုက်ပါ။

စက်များအကြား ကူးပြောင်း၍ Chrome ကိုသုံးနိုင်သည်။ Chrome သို့ လက်မှတ်ထိုးဝင်ပါက အခြားစက်များတွင် သုံးနိုင်ရန် လိပ်စာ၊ စကားဝှက် စသည်တို့ကို သင့် Google Account တွင်သိမ်းနိုင်သည်။

သင့်အကြိုက်ဆုံး အကြောင်းအရာများအားလုံးကို တစ်ချက်တို့လိုက်ရုံနှင့် အသုံးပြုနိုင်ပါမည်။ Chrome သည် Google Search အတွက်သာ မြန်ခြင်းမဟုတ်ဘဲ သင့်အကြိုက်ဆုံး အကြောင်းအရာများကို တစ်ချက်တို့လိုက်ရုံနှင့် အသုံးပြုနိုင်ရန် ပြုလုပ်ထားပါသည်။ တဘ်စာမျက်နှာအသစ်မှနေ၍ သင့်အကြိုက်ဆုံးသော သတင်းဝဘ်ဆိုက် သို့မဟုတ် လူမှုကွန်ရက်ကို တို့နိုင်ပါမည်။ ထို့အပြင် Chrome တွင် "ရှာဖွေရန်အတွက် တို့ခြင်း” ပါရှိပါသည်- ဝဘ်စာမျက်နှာအများစုတွင် သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။ သင်လက်ရှိ ကြည့်ရှုနေသည့် စာမျက်နှာအတွင်း၌ပင် Google ရှာဖွေမှု ပြုလုပ်ရန် မည်သည့် စကားလုံး သို့မဟုတ် စကားစုကိုမဆို တို့၍ စတင်နိုင်ပါသည်။

'Google လုံခြုံစွာ ကြည့်ရှုခြင်း' ဖြင့် သင့်ဖုန်းကိုကာကွယ်ပါ။ Chrome တွင် 'Google လုံခြုံစွာ ကြည့်ရှုခြင်း' အသင့်ပါရှိသည်။ အန္တရာယ်ရှိသည့် ဝဘ်ဆိုက်များသို့ သွားသည့်အခါ သို့မဟုတ် အန္တရာယ်ရှိသည့် ဖိုင်များကို ဒေါင်းလုဒ်လုပ်ရန် ကြိုးပမ်းသည့်အခါ ၎င်းက သတိပေးပြီး သင့်ဖုန်းကို ကာကွယ်ပေးပါသည်။

အမြန် ဒေါင်းလုဒ်လုပ်ပြီး ဝဘ်စာမျက်နှာများနှင့် ဗီဒီယိုများကို အော့ဖ်လိုင်းတွင် ဖွင့်ကြည့်လိုက်ပါ Chrome တွင် အထူးသီးသန့် ဒေါင်းလုဒ်ခလုတ် ရှိသောကြောင့် ဗီဒီယို၊ ဓာတ်ပုံနှင့် ဝဘ်စာမျက်နှာတစ်ခုလုံးကို တစ်ချက်တို့လိုက်ရုံနှင့် အလွယ်တကူ ဒေါင်းလုဒ်လုပ်နိုင်ပါမည်။ ထို့အပြင် Chrome အတွင်းတွင် ဒေါင်းလုဒ်ပင်မနေရာ ရှိပြီး အော့ဖ်လိုင်းဖြစ်နေစဉ်တွင်ပင် သင်ဒေါင်းလုဒ်လုပ်ထားသည့် အကြောင်းအရာများ အားလုံးကို အသုံးပြုနိုင်ပါမည်။

Google အသံဖြင့် ရှာဖွေခြင်း။ Chrome သည် သင်အမှန်တကယ် စကားပြောနိုင်သည့် ဘရောင်ဇာဖြစ်ပါသည်။ စာရိုက်စရာမလို၊ လက်နှင့်ထိတွေ့စရာမလိုဘဲ သွားရင်းလာရင်း အဖြေရှာရန် သင့်အသံကို အသုံးပြုလိုက်ပါ။ နေရာမရွေး၊ အချိန်မရွေး သင့်အသံကို အသုံးပြု၍ လျင်မြန်စွာ ကြည့်ရှုနိုင်ပါသည်။

Google Translate အသင့်ပါဝင်ပါသည်− ဝဘ်စာမျက်နှာတစ်ခုလုံးကို အမြန်ဘာသာပြန်လိုက်ပါ။ ဝဘ်စာမျက်နှာတစ်ခုလုံးကို သင့်ဘာသာစကားသို့ တစ်ချက်တို့လိုက်ရုံနှင့် ဘာသာပြန်ဆိုနိုင်ရန် Chrome တွင် Google Translate အသင့်ပါဝင်ပါသည်။

အဆင့်မြင့် ပုဂ္ဂိုလ်ရေးသီးသန့် အကြံပြုချက်များ။ သင့်စိတ်ဝင်စားမှုနှင့် ကိုက်ညီသော အသုံးပြုမှုပုံစံကို Chrome က ပြုလုပ်ပေးပါသည်။ တဘ်စာမျက်နှာ အသစ်တွင် သင်၏ ယခင်ကြည့်ရှုမှု မှတ်တမ်းပေါ် အခြေခံ၍ Chrome က ရွေးချယ်ပေးထားသည့် ဆောင်းပါးများကို တွေ့ရပါမည်။
အပ်ဒိတ်လုပ်ခဲ့သည့်ရက်
၂၀၂၅ ဇန် ၉

ဒေတာ ဘေးကင်းလုံခြုံရေး

ဆော့ဖ်ဝဲရေးသူများက သင့်ဒေတာအား စုစည်းပုံနှင့် မျှဝေပုံကို နားလည်ခြင်းမှစ၍ လုံခြုံမှု စတင်သည်။ ဒေတာလုံခြုံမှုနှင့် လုံခြုံရေးလုပ်ဆောင်မှုများသည် သင်၏အသုံးပြုမှု၊ ဒေသနှင့် အသက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။ ဆော့ဖ်ဝဲရေးသူက ဤအချက်အလက်ကို ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မည်သည့်ဒေတာကိုမျှ ပြင်ပအဖွဲ့အစည်းများနှင့် မျှဝေခြင်းမရှိပါ
ဆော့ဖ်ဝဲရေးသူများ၏ မျှဝေမှုဆိုင်ရာ ဖော်ပြမှုကို ပိုမိုလေ့လာရန်
ယခုအက်ပ်သည် ဤဒေတာအမျိုးအစားများကို စုဆောင်းနိုင်သည်
တည်နေရာ၊ကိုယ်ရေးအချက်အလက် နှင့် အခြား 7 ခု
ဒေတာကို အသွင်ဝှက်၍ အကူးအပြောင်းလုပ်သည်
ဒေတာများဖျက်ရန် တောင်းဆိုနိုင်သည်
သီးခြား လုံခြုံရေးသုံးသပ်ချက်

အဆင့်သတ်မှတ်ခြင်း၊ သုံးသပ်ခြင်း

၄.၁
သုံးသပ်ချက် ၄.၄၄ ကုဋေ
Oo Ko
၂၀၂၅ ဇန်နဝါရီ ၈
Good
၎င်းက အသုံးဝင်ပါသလား။
Thandar Soe
၂၀၂၅ ဇန်နဝါရီ ၈
💯
လူ ၈ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။
ออกโป้ เลิฟ
၂၀၂၄ ဒီဇင်ဘာ ၃၁
အသုံးပြုရတာအရမ်းအဆင်ပြေပါတယ်
လူ ၉ ယောက်က ဤသုံးသပ်ချက်ကို အထောက်အကူဖြစ်သည်ဟု ယူဆသည်
၎င်းက အသုံးဝင်ပါသလား။

အသစ်များ

Chrome ကို ရွေးချယ်သည့်အတွက် ကျေးဇူးတင်ပါသည်။ ဤဖြန့်ချိမှုတွင် တည်ငြိမ်မှုနှင့် စွမ်းဆောင်ရည် တိုးမြှင့်မှုများကို ထည့်သွင်းထားပါသည်။